Access to Education – Myanmar အနေနဲ့ ယူကေမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခုဖြစ်တဲ့ Mosaik Education နဲ့ အတူပူးပေါင်းပြီး လူငယ်တွေရဲ့ အဆင့်မြင့်ပညာရေး အခွင့်အလမ်းတွေရရှိနိုင်ဖို့ စီစဉ်ရေးဆွဲထားတဲ့ Guidance Program အတွက် ကျောင်းသား/သူတွေကို ဝင်ခွင့်လျှောက်လွှာ စတင်လက်ခံနေပါပြီ။ Guidance Program ဆိုတာဘာလဲ။Guidance Program ဟာဆိုရင် အဆင့်မြင့်ပညာရေး(တက္ကသိုလ် ပညာရေး)ကို ဆက်လက်တက်ရောက်လိုတဲ့ တိုင်းပြည်ရဲ့ အခြေအနေ အကြောင်းကြောင်းကြောင့် နေရပ်တနေရာကနေ အခြားနေရာဒေသတခုခုကို ရွေ့ပြောင်းအခြေချနေထိုင်နေကြရတဲ့ လူငယ်တွေအတွက်🔹 တက္ကသိုလ်/အဆင့်မြင့်ပညာရေး လျှောက်တဲ့အခါမှာ လိုအပ်ချက်တွေကို နားလည်နိုင်ရန်🔹 မိမိ၏ ပညာရေးရည်မှန်းချက်တွေကို သတ်မှတ်နိုင်ရန်🔹 အဆင့်မြင့်ပညာရေးအခွင့်အလမ်းတွေကို ရှာဖွေပြီး လျှောက်ထားနိုင်ရန်🔹 လျှောက်လွှာတင်ခြင်းနှင့် ပညာရေးအခွင့်အလမ်းများအတွက် လိုအပ်သော အဆင့်များကို ပြင်ဆင်နိုင်ရန်အတွက် Workshop…
Talk Series : Code for the Class, Heart for the Mass
မင်္ဂလာပါ…။ Access to Education – Myanmar ရဲ့ လစဥ်ပြုလုပ်လျှက်ရှိတဲ့ Talk Series အစီအစဥ်လေးကနေ တဖန်ပြန်ပြီးကြိုဆိုပါရစေ…။ ဒီတခေါက် ပြုလုပ်သွားမယ့် Talk Seriesရဲ့ ခေါင်းစဥ်ကတော့ “လူသားပညာ အေအိုင်ရွာ” ဆိုတဲ့ ခေါင်းစဥ်ပဲဖြစ်ပါတယ်။ လက်ရှိလူ့အဖွဲ့အစည်းမှာ “အေအိုင်”ဟာ နေ့စဉ်ဘဝမှာ အစဉ်ကြားနေရတဲ့ ဝေါဟာရတစ်ခု ဖြစ်လာပါတယ်။ မူလတန်းကျောင်းသားတွေကနေ နည်းပညာနဲ့ နီးစပ်တဲ့ ဘိုးဘိုး၊ ဘွားဘွားတွေအထိ အေအိုင်နဲ့ ထိတွေ့အသုံးပြုနေကြတာပဲ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ အေအိုင်ရဲ့ ကောင်းချက်၊ ဆိုးချက်တွေကို ကမ္ဘာအဝှမ်းမှာ ဆန်းစစ်နေကြတယ်၊ ဆွေးနွေးငြင်းခုံနေကြတယ်။ ဥပဒေပြုထိန်းကွပ်မှုတွေကိုလည်း ဆွေးနွေးနေကြပါတယ်။ လုပ်ငန်းခွင်မှာ အေအိုင်ကို ဘယ်လိုသုံးမလဲ၊ ကျောင်းတွင်းမှာ ဘယ်လိုသုံးမလဲ၊ လူမှုကွန်ရက်မှာ ဘယ်လိုသုံးမလဲ စတဲ့ အေအိုင်အသုံးပြုပုံ အသွယ်သွယ်ကို သင်ကြားပို့ချမျှဝေနေကြပါတယ်။ …
Talk Series: The Arts as Human Rights Practice
မင်္ဂလာပါ…..။ Access to Education – Myanmar ရဲ့ ဒီတခေါက် Talk Series ကိုတော့ “The Arts as Human Rights Practice” ဆိုတဲ့ ခေါင်းစဉ်နဲ့ အနုပညာနဲ့ လူ့အခွင့်အရေးတို့ရဲ့ ဆက်စပ်မှုကို အတူတကွ မေးခွန်းထုတ်ပြီး စဉ်းစားဆွေးနွေးသွားကြမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပုံမှန်လူနေမှုဘဝမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ဖို့၊ ဖြစ်ရပ်တွေကို သက်သေပြဖို့နဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့အတွက် ဥပဒေ၊ မူဝါဒနဲ့ အစီရင်ခံစာတွေကို အဓိကထား အသုံးပြုကြတာကို အားလုံးသိထားပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် အမှန်တရားတခုကို မှတ်တမ်းတင်ရုံနဲ့ ပြောင်းလဲမှုတခုကို ဖန်တီးနိုင်ပါ့မလား? လူတွေရဲ့ အသံ၊ မတရားမှု၊ ခံစားချက်နဲ့ အတွေ့အကြုံတွေကို အနုပညာကနေတဆင့် ဖော်ပြမယ်ဆိုရင် ဘာတွေပြောင်းလဲလာနိုင်မလဲ ဆိုတာတွေကလည်း…
Talk Series: Space, Equality and Inclusion: Understanding Race, Privilege and Social Transformation
မင်္ဂလာပါ…။ ဒီလအတွက် Access to Education – Myanmar ရဲ့ လစဉ်စကားဝိုင်းဆွေးနွေးပွဲကိုတော့ “Space, Equality and Inclusion: Understanding Race, Privilege and Social Transformation” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီစကားဝိုင်းမှာ ယနေ့ခေတ် လူမှုအသိုင်းအဝိုင်းတွေမှာ တွေ့မြင်နေရတဲ့ လူမျိုး၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ လိင်၊ ဘာသာစကားနဲ့ ကိုယ်ပိုင်အမှတ်လက္ခဏာတို့ရဲ့ မတူကွဲပြားမှုတွေကြားမှာ Equality (တန်းတူညီမျှမှု)၊ Equity (မျှတမှု) နဲ့ Inclusion (အားလုံးပါဝင်နိုင်ရေး) ဆိုတဲ့ အယူအဆတွေဟာ ဘာကြောင့် အရေးကြီးလာသလဲ၊ အာဏာ၊ အခွင့်ထူး (Privilege) နဲ့ သမိုင်းကြောင်းအရ ဖြစ်ပေါ်ခဲ့တဲ့ မညီမျှမှုတွေက လူတွေရဲ့ အခွင့်အလမ်းနဲ့ အတွေ့အကြုံတွေကို…
“စာဖတ်ဝိုင်း” အမှတ်စဉ် (၂) အတွက် လျှောက်လွှာခေါ်ယူခြင်း
မင်္ဂလာပါ…။ ဒီတခေါက်မှာတော့ စာဖတ်ရတာကို မြတ်နိုးပြီး မိမိရဲ့ အတွေးအခေါ်တွေ၊ ခံစားချက်တွေကို စာသားတွေ ကဗျာတွေအဖြစ် ဟိုတစဒီတစရေးရတာ စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ကျွန်တော်တို့ Access to Education–Myanmar မှ အပတ်စဉ် တနင်္ဂနွေ နေ့တိုင်းမှာ ပြုလုပ်သွားမယ့် “စာဖတ်ဝိုင်း” အမှတ်စဉ် (၂) မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဒီအစီအစဉ်က လူငယ်တွေရဲ့ စာဖတ်ခြင်း အလေ့အထကို မြှင့်တင်ပေးနိုင်ရန်သာမက စာအုပ် တွေကို ချဥ်းကပ်ပြီး ကိုယ့်ရဲ့အမြင် နဲ့ ခံစားချက်ကို ဖွင့်ဟဆွေးနွေးတတ်တဲ့ အလေ့အထကောင်းတခုကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ပါတယ်။ ဒါ့အပြင် စာတွေ ကဗျာတွေ အတူတူ ကြိုးစားရေးကြမှာ ဖြစ်တဲ့အတွက် စိတ်ဝင်စားတယ်ဆိုရင် ယခုအစီအစဉ်ကို လျှောက်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။ စာဖတ်ဝိုင်း အစီအစဉ် အချိန်။…
Liberal Arts Beyond the Classroom: A special conversation with Zin Myo Kyaw on Myanmar’s education landscape
မင်္ဂလာပါ…။ Access to Education – Myanmar ရဲ့ Talk Series အစီအစဥ်မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတကြိမ် စကားဝိုင်းကိုတော့ “Liberal Arts Beyond the Classroom” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ယခုစကားဝိုင်းမှာတော့ Liberal Arts (အနုဝိဇ္ဇာ) ပညာရေးက နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြဿနာတွေကို ဖြေရှင်းရာမှာ လူငယ်တွေအတွက် ဘယ်လိုမျိုး အရေးပါလဲဆိုတာကို လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေနဲ့ နှိုင်းယှဉ်ပြီး ဆွေးနွေးသွားမှာပါ။ ဒါ့အပြင် Liberal Arts ပညာရေးဆိုတာ အတန်းစာမေးပွဲ အောင်မြင်ရေးအတွက်သာ မဟုတ်ဘဲ လူတဦးတယောက်ချင်းစီရဲ့ ပြဿနာအကြောင်းအရာတွေအပေါ် စဉ်းစားတွေးခေါ်ပုံ၊ ဆက်သွယ်ပြောဆိုပုံနှင့် လူမှုအသိုင်းအဝိုင်း တိုးတက်ပြောင်းလဲရေးအတွက် တာဝန်ယူတတ်သည့် စိတ်ထားကို ဖော်ဆောင်ပေးနိုင်တဲ့…
Information Sharing Session on Learning and Mentorship Program
Learning and Mentorship Program Batch – 3 လျှောက်လွှာခေါ်ယူနေပြီဖြစ်တဲ့အတွက် သင်တန်းကိုလျှောက်ဖို့ စိတ်ဝင်စားတဲ့လူငယ်တွေကို Information Sharing Session တက်ရောက်ဖို့ဖိတ်ခေါ်ချင်ပါတယ်။ ဒီအစီအစဉ်မှာတော့ သင်တန်းလျှောက်လွှာတင်တဲ့အခါမှာ လိုအပ်တဲ့အချက်အလက်တွေနဲ့ သိလိုတဲ့မေးခွန်းအားလုံးကို အသေးစိတ်မျှဝေဖြေကြား ပေးသွားမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် သင်တန်းသူ သင်တန်းသား ဟောင်းတွေရဲ့ သင်ကြားသင်ယူမှု အတွေ့အကြုံတွေကိုလဲ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် Learning and Mentorship Program Batch-3 ကိုလျှောက်ဖို့ပြင်နေတယ်ဆိုရင် ဒီ webinar ကိုတက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဆွေးနွေးမည့်ခေါင်းစဉ်။ ။Learning and Mentorship Program Batch-3 Information Sharing နေ့ရက်။ ။ ၁၀ ရက်၊ မေလ၊ ၂၀၂၆။ (တနင်္ဂနွေနေ့)။ အချိန်။…
Learning and Mentorship Program အတွက် လျှောက်လွှာခေါ်ယူခြင်း
Access to Education-Myanmar မှ ဖွင့်လှစ်လျှက်ရှိတဲ့ Learning and Mentorship Program [Batch-3] အတွက် ကျောင်းသူ/ကျောင်းသားသစ်တွေကို ဝင်ခွင့်လျှောက်လွှာများ စတင်လက်ခံနေပါပြီ။ ယခုသင်တန်းအစီအစဉ်ဟာဆိုရင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် အခက်အခဲအမျိုးမျိုးကြောင့် ပညာသင်ယူခွင့်နည်းပါးတဲ့၊ ဒါမှမဟုတ် အကြောင်းကြောင်းကြောင့် ကိုယ့်ရဲ့ ပညာရေးလမ်းခရီးကို ရပ်တန့်ထားရတဲ့ လူငယ်တွေအတွက် စဥ်ဆက်မပြတ် ပညာသင်ကြားနိုင်ရန်နှင့် အရည်အသွေးကောင်းမွန်တဲ့ ပညာရေး လက်လှမ်းမှီရရှိဖို့ အခွင့်အရေးကောင်းတခု ဖော်ဆောင်နိုင်ရန် ရည်ရွယ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ Learning and Mentorship Program (LMP) ဟာဆိုရင် (၃) လတာ ကာလအတွင်း ကျောင်းသူ/သားတွေရဲ့ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည့် အရည်အချင်း၊ ကျွမ်းကျင်မှုနှင့်၊ ကွန်ရက်ချိတ်ဆက်မှုတွေအတွက်ကို ကူညီပံ့ပိုးပေးမည့် အစီအစဉ်တခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင်…
Join Our Team
ကျွန်ုပ်တို့နဲ့အတူ Learning and Mentorship Program ရဲ့အစီအစဉ်တွေမှာ ပါဝင်အားဖြည့်ပေးဖို့အတွက် Program Assistant အလုပ်သင်တစ်ဉီး ခေါ်ယူနေပါတယ်။ အလုပ်အကြောင်း အသေးစိတ်ဖတ်ရှုရန် 👇 We are seeking a Program Assistant (Intern) to work with us on the Learning and Mentorship Program at Access to Education-Myanmar. Please read the full details of the job description here: https://drive.google.com/file/d/1mEbOju_Wqtr-TxK_PI_3RCCHjNSW8ytq/view?usp=sharing
Talk Series: Rethinking Gender: A Feminist Introduction
မင်္ဂလာပါ…။ Access to Education – Myanmar ရဲ့ Talk Series အစီအစဥ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတခေါက် ပြုလုပ်သွားမယ့် Talk Seriesရဲ့ ခေါင်းစဥ်ကတော့ “Rethinking Gender: A Feminist Introduction” ဆိုတဲ့ ခေါင်းစဥ်ဖြစ်ပါတယ်။ ကျား၊ မ ဆိုတဲ့ ဂျန်ဒါ ခွဲခြားသတ်မှတ်မှုဟာ လူ့အဖွဲ့အစည်းတွေအတွင်းမှာ ဘောင်တခုလို အချိန်ကာလ ကြာမြင့်စွာ တည်ရှိနေတာပဲ ဖြစ်နေပါတယ်။ ခေတ်ကာလတွေ ပြောင်းလဲလာတာနဲ့အမျှ ဒီဘောင်တွေက လူတဦးတယောက်ချင်းစီရဲ့ တကယ့်ဖြစ်တည်မှု၊ အရည်အချင်းနဲ့ စိတ်ကူးအိပ်မက်တွေကို အမှန်တကယ် ကိုယ်စားပြုနိုင်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။ ပတ်ဝန်းကျင်ရဲ့ ပုံဖော်ချက်တွေ၊ မိသားစုအတွင်းက မျှော်လင့်ချက်တွေကနေစလို့ လုပ်ငန်းခွင်ထဲက အခွင့်အလမ်းတွေအထိ ‘ကျား’ ဖြစ်လို့၊ ‘မ’ ဖြစ်လို့…











